နိုဝင်ဘာ ၂၈
ယနေ့ နံနက်၁၁နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၉)လမ်း၊ အမှတ်(၇၄)၊ မြေညီထပ်(ဝဲ)တွင် အမျိုးသားတစ်ဦး နေအိမ်ခန်းထဲ၌ သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာလုံခြုံးရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ဦးမောင်ဝင်း(၆၇)နှစ်ဖြစ်ပြီး ကားအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေကြောင်း၊ အိမ်အခန်းအတွင်း ဦးခေါင်းတွင် သွေးစများဖြင့် အသတ်ခံရခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ကားကိုလည်းယူသွားကြောင်း ၊ မည်သည့် အကြောင်းကြောင့် သတ်ဖြတ်သွားသည်ကို သိရှိရခြင်း မရှိသေးကြောင်းကနဦးသတင်းရရှိသည်။
#PAN