ရေးမြို့၊ အ.လ.က(၃)၏ ကျောင်းစောင့်မှ ကျောင်းကို မိုင်းခွဲ ဖျက်ဆီးရန် မိုင်းထောင်နေစဉ် မိုင်းကွဲ သေဆုံး

နိုဝင်ဘာလ ၂၈

ယနေ့ မွန်းလွဲ  ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် ၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ၊ အ.လ.က(၃) အတွင်း မိုင်း ပေါက်ကွဲမှုဖြစ်ပွား၍ မိုင်းထောင်‌နေသည့် ကျောင်းစောင့် နေရာ၌ သေဆုံးကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ CDM ပြုလုပ်ထားသော ရေးမြို့နယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး အကြမ်းဖက်PDF စန်းဦး မှ ကျောင်းအား မိုင်းထောင်ဖောက်ခွဲရန် အဆိုပါ ကျောင်းစောင့်ကို စေခိုင်းခဲ့ကြောင်း၊ မိုင်းထောင်သူကျောင်းစောင့်သည် CDM/PDF ဒုပညာရေးမှူးစန်းဦးနှင့်ရင်နှီးသူတပည့်ဖြစ်ကြောင်း၊ ကျောင်းအားမိုင်းခွဲရန် မိုင်းပြင်ဆင်နေချိန်တွင် မိုင်းပေါက်ကွဲ၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ မိုင်ပေါက်ကွဲမှုကြောင့် ၄ ခန်းတွဲ ၂ ထပ်စာသင်ဆောင်မှာ မီးလောင်ပျက်ဆီးခဲ့ပြီး ကျောင်းဝန်းအတွင်းကို မိုင်း ထောင်ပေးသူ ၎င်း၏ တပည့်ကျောင်းစောင့်မှာ လည်း ခန္ဓာကိုယ်ထက်ပိုင်း ပျက်စီးဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရှိရပါသည်။

PAN