ပြည်ကြီးတံခွန်မြို့နယ်၊ ထွေ/အုပ်ရုံးအား လူသတ် အကြမ်းဖက်သမား ၂ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်

နိုဝင်ဘာ ၂၈

ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁×၆၂ လမ်းကြား၊ ၁၁၅ လမ်းရှိ ပြည်ကြီးတံခွန်မြို့နယ် ထွေ/အုပ်ရုံးအား  လူသတ်အကြမ်းဖက်သမား ၂ ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁×၆၂ လမ်းကြား၊ ၁၁၅ လမ်းရှိ ပြည်ကြီးတံခွန်မြို့နယ် ထွေ/အုပ်ရုံးအား ၁၁၅ လမ်းအတိုင်း၊ အနောက်မှအရှေ့သို့ လူသတ် အကြမ်းဖက်သမား အမျိုးသား ၂ ဦး စီးနင်းလာသည့် CZI အမျိုးအစား ဆိုင်ကယ် ၁ စီးပေါ်မှ လက်ပစ်ဗုံး ၂ လုံး ပစ်ပေါက်ပြီး၊ အဆိုပါ ဆိုင်ကယ်မှာ ၁၁၅ လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့ ပစ်ပေါက်ခဲ့သည့် လက်ပစ်ဗုံး ၂ လုံးအနက် ၁ လုံးမှာ မြို့နယ်ထွေ/အုပ်ရုံးရှေ့ ခြံစည်းရိုးနှင့် ၁၀ ပေခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ကျန် တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁ လုံးမှာ ထွေ/အုပ်ရုံးဝင်းအတွင်း ကျရောက်ခဲ့ပြီး ပေါက်ကွဲမှု မရှိသောကြောင့် သက်ဆိုင်ရာမှ သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။ 

#PAN