ထောင်မူးကျေးရွာအုပ်စု အ-မ-က မြစံကျောင်းဝန်း အတွင်းသို့ လာရောက်ပစ်ချသော အကြမ်းဖက်သမားများ၏ ဒရော့ဗုံးကို နယ်မြေခံလုံခြုံရေးအဖွဲ့များက အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့

နိုဝင်ဘာ ၂၈

ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းအနီး နှင့် ထောင်မူးကျေးရွာအုပ်စု  အ-မ-က မြစံကျောင်းဝန်းအတွင်းသို့ အကြမ်းဖက်သမားများက ဒရော့ဗုံးချ၍ တိုက်ခိုက်မှု လုပ်ဆောင်သွားကြောင်း သိရှိရပါသည်။

အဆိုပါ အ-မ-က မြစံ‌ကျောင်းဝန်းအတွင်း ကျရောက်သောဗုံးသည် ပေါက်ကွဲမှုမရှိ၍ နယ်မြေခံလုံခြုံရေးအဖွဲ့များက သွားရောက်၍ အဆိုပါဗုံးကို ဖောက်ခွဲဖျက်ဆီးသည့်အတွက် ထိခိုက်မှုတစုံတရာမရှိပဲ အောင်မြင်စွာဆောင်ရွက်ခဲ့နိုင် ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

PAN