ဂါနာချို၏သွင်းဂိုး တစ်ရာသီအတွင်းအကောင်းဆုံးဂိုး ဖြစ်လိမ့်မည်ဟု နည်းပြတန်ဟတ်ဂ်သုံးသပ်

နိုဝင်ဘာ ၂၈

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အဲဗာတန်အသင်းနှင့်ပွဲ၌ နောက်ပြန်ကန်ချက်ဖြင့် လှလှပပသွင်းယူခဲ့သည့် ဂါနာချို၏သွင်းဂိုးမှာ ယခုရာသီအတွက် အကောင်းဆုံးဂိုးဖြစ်နိုင်ပြီး ၎င်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် အလားအလာရှိကြောင်း ချီးကျူးပြောကြားသုံးသပ်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ မန်ယူအသင်းက အဝေးကွင်း၌ (၀-၃) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂါနာချိုက ပွဲချိန် ၃ မိနစ်မှာပဲ ၁၅ ကိုက်အကွာကနေ နောက်ပြန်ကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၁၉ နှစ်ရှိ ဂါနာချိုက အဲဗာတန်အသင်း၏ ဂူဒီဆင်ပါ့ခ်ကွင်း၌ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးသွင်းဖူးသည့် မန်ယူအသင်းကစားသမားများအနက် ၂၀၀၅ ခုနှစ် သြဂုတ်တွင် ဝိန်းရွန်နီ စံချိန်တင်ထားသည့် ၁၉ နှစ်၊ ၂၉၃ ရက်ကိုကျော်ဖြတ်၍ အသက်အငယ်ဆုံးစံချိန်တင်ခဲ့ကြောင်းလည်း သိရပါတယ်။