ရွှေကျင်မြို့နယ် ရွှေကျင်-သိမ်ဇရပ်သွားကားလမ်းပေါ်ရှိ ကျုံပကူချောင်းကူးတံတားအား KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နိုဝင်ဘာ ၂၈

      ပဲခူတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ရွှေကျင် – သိမ်ဇရပ်သွားကားလမ်းပေါ်ရှိ “ကျုံပကူ” ချောင်းကူးတံတားအား KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူ များနှင့် PDF အမည်ခံအကြမ်း ဖက်သမား ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

       ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၅ မိနစ်တွင် ရွှေကျင်မြို့နယ်၊ ကျုံချောင်ရွာအနီး ရွှေကျင် – သိမ်ဇရပ်သွားကားလမ်းပေါ်ရှိ တံတားအမှတ် (၁/ ၁၀၇) “ကျုံပကူ” ချောင်းကူးတံတားအား KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်း ဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါတံတား၏ တောင်ဘက်ကမ်းကပ်ခုံဘက်မှ တံတားကြမ်းခင်း လေးပေခန့်နှင့် ဝဲ/ယာတံတား လက်ရန်း ၆ ပေခန့် ပျက်စီးခဲ့ပြီး မော် တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

       ထိုသို့အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် တံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင် ရွက် လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN