နိုဝင်ဘာလ ၂၇/ ၂၈ ရက်နေ့ တိုက်ပွဲသတင်းများ

နိုဝင်ဘာ ၂၈

•   ကယားပြည်နယ်၊ ပန်တိမ်းမှ ဖားဆောင်းသို့ လုံခြုံ ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းချီတက်စဉ် စံပြကျောက်စုကျေရွာအနီးသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်သောင်းကျန်းသူ KNPPနှင့် PDF ပူးပေါင်းအင်အား ၅၅ ဦးခန့်က Drop Bomb ၆ လုံး၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး KNPP၊ PDF  ၂ လောင်း၊ ​အေကေ(၄၇)  ၁ လက်၊ကျည်အိမ်  ၁ ခု၊ ကျည် ၂၀ တောင့် သိမ်း ဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

• ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အော်တိုကုန်နှင့် ကာကင်းကုန်းရှိ လုံခြုံရေးအဖွဲ့များသို့ အကြမ်းဖက်သောင်းကျန်းသူ CDF ၅၀ ဦးခန့်က ဒရုန်း ၁ စီးဖြင့် Drop Bomb ၁ လုံး၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့က ပြန် လည်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် CDF အလောင်း ၁ လောင်း၊ အေကေကျည်အိမ် ၁ ခု၊ ကျည် ၁၃၉ တောင့် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

• ချင်းပြည်နယ်၊ ထန်တလန်မြို့အနီး နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့်  အကြမ်းဖက်သောင်းကျန်းသူ CDF များ ယမန်နေ့ နံနက် ၅ နာရီခန့်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်း ဖက် CDF  ၁ လောင်း၊ AK ကျည်အိမ် ၁ ခု၊ AK ကျည် ၁၉ တောင့်၊ M-22 ကျည် ၁၂၀ တောင့်တို့အား သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

• စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် အင် ကြင်းတောင်ကျေးရွာ ပြည်သူ့စစ်စခန်းသို့ PDF ၇၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြောက်ကျားကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားကျည်ကာအင်္ကျီ ၁ လုံး၊ အေကေကျည်အိမ်  ၁ ခု၊ ကျည် ၃၅ တောင့်၊ လမ်းလျှောက်စကား ပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့စစ် ၂ ဦး ကျဆုံးခဲ့သည်။

• စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ချပ်သင်း ပူးပေါင်းလုံခြုံရေးတပ်စခန်းအား အကြမ်းဖက် PDF များက သာလွန်အင်အားဖြင့် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် လာရောက်တိုက်ခိုက်ရာ တပ်မတော်ရဟတ်ယာဉ်ဖြင့် မွန်းလွဲ ၁ နာရီအချိန်ခန့်က ပစ်ကူပေးခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေ ၆ နာရီအချိန်ခန့်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းနှင့် အကြမ်းဖက် PDF များဖက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိသော် လည်း  ထပ်မံအင်အားဖြည့်၍ တိုက်ပွဲကိုအရှိန်မြှင့်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။

• အကြမ်းဖက်သောင်းကျန်းသူ KTLA / PDF ပူး ပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့ မြောက်ဘက်မြို့အထွက် ခင်နိမ်းမူဘက်ရှိ အမှတ် ၃ လုံခြုံရေးဂိတ်တွင်တာ၀န်ထမ်းတောင်နေသော ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများအား ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အလစ်အငိုက်ယူပြီး လာရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ တပ်မတော်သား၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားကြောင်း သတင်းသိရှိရပါသည်။

#PAN