ပါကစ္စတန်နိုင်ငံ ကရာချိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခု မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး ၁၁ ဦး သေဆုံး

နိုဝင်ဘာ ၂၇

      ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိ ဈေးဝယ်စင်တာတစ်ခုတွင် စနေနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၁ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

     ပြင်းထန်သော မီးလောင်ဒဏ်ရာကြောင့် ဆေး ရုံ သုံးရုံတွင် သေဆုံးသူအရေအတွက် တိုးမြှင့်လာနိုင်ကြောင်း ကရာချိခရိုင်၏ လက်ထောက် ကော် မရှင်နာ အော်တက်ဖ်ရှီရိုက်ခ်က အတည်ပြုပြောကြားသည်။

      အဆိုပါ အထပ်မြင့်ဈေးဝယ်စင်တာသည်
Rashid Minhas လမ်းမကြီးပေါ်တွင် တည်ရှိပြီး
နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် လောင်ကျွမ်းမှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      မီးသတ်သမားများနှင့် ကယ်ဆယ်ရေးလုပ်သား များက မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

      မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို
သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကုန်တိုက်၏ခေါင်မိုးပေါ်ရှိ မီးစက်ချို့ယွင်းမှု
ကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

       ယခုလအစောပိုင်းတွင် ကရာချိမြို့ရှိ လူနေအိမ်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက် အအုံများအပါအဝင် အဆောက်အအုံအားလုံး၏ ၉ဝ ရာခိုင်နှုန်းမှာ မီးဘေးကြိုတင်ကာကွယ်ရေးဆောင် ရွက်မှုများနှင့် မီးသတ်စနစ်များ လုံလောက်စွာမရှိကြောင်း တရားဝင်အစီ ရင်ခံစာတွင် ဖော်ပြသည်။

#PAN