ပရီးမီးယားလိဂ်သတင်းများ

နိုဝင်ဘာ ၂၇

• ပရီးမီးယားလိဂ်မှာ ကစားချင်တယ်ဆိုတဲ့ ဘရေမာ

      ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံ ကစားသမားဖြစ်သူ ဘရေမာက ပရီးမီးယားလိဂ်မှာ ကစားခွင့်ရလို ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘရေမာ ဟာ ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပြီး တစ်ချိန်မှာ ပရီးမီးယားလိဂ်တွင် ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ် လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ် အသင်းနဲ့အတူ ဆုဖလားတွေ ရယူဖို့ကိုပဲ အာရုံစိုက်ထားပါတယ် ပြောကြားခဲ့ပါတယ်။ ဘရေမာ ဟာ လက်ရှိရာသီ မှာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ ၁၂ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူထားပါတယ်။

• လန်ဒန်မြို့ခံပြိုင်ဘက်အသင်းများက တိုနေးကို  အပြိုင်ခေါ်ယူဖို့စီစဉ်နေ
      ချဲလ်ဆီးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းမှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး တိုနေးကို လန် ဒန်မြို့ခံ ပြိုင်ဘက်များဖြစ်တဲ့ အာဆင်နယ်၊ စပါးအသင်းတို့နှင့်အပြိုင်ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အသက် ၂၇ နှစ်အရွယ် ရှိ တိုနေးဟာ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ရှစ်လ ပြစ်ဒဏ်ကို ခံနေရသူဖြစ်ပါတယ်။  တိုနေးအနေနဲ့ ဇန်နဝါရီလ ၁၈ ရက်မှာ ဘောလုံးပြန်ကစားခွင့်ရမည်ဖြစ်ရာ ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းက တိုနေးကို ခေါ်ယူရန် စိတ်ဝင်စားနေတာ ကြာမြင့် နေပြီဖြစ်ပြီး ယခုအခါတွင် လန်ဒန်မြို့ခံပြိုင်ဘက်များဖြစ်တဲ့ စပါးနှင့် ချဲလ်ဆီးအသင်းတို့ကပါ စိတ်ဝင်စားလာ ကြတာ ဖြစ်ပါတယ်။

• ပွဲကစားခွင့် ရချင်တာကြောင့် မန်ယူအသင်းကနေ ထွက်ခွာ‌တော့မယ့် ဗန်ဒီဘိခ်
မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစား သမား ဗန်ဒီဘိခ်က လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဗန်ဒီဘိခ်ကို ရောင်းချဖို့ ကြိုးစားခဲ့သလို ကစား သမား ကိုယ်တိုင် ကလည်း ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာလည်း မန်ယူ အသင်းအတွက် ၂ ပွဲသာပါဝင်ကစားခွင့်ရထားပြီး ၂ ပွဲစလုံး လူစားဝင် ကသစားသမားအဖြစ် မိနစ်အနည်းငယ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။ ဗန်ဒီဘိခ်၏ မန်ယူအသင်းနဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိရှိနေတာဖြစ်ပါတယ်။

#PAN