နိုဝင်ဘာ ၂၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ သတင်းများ

နိုဝင်ဘာ ၂၇

      အကြမ်းဖက်သောင်းကျန်းသူ MNDAA /TNLA /AA ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်းနယ်မြေအတွင်း အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ပြီး တပ်မတော်စခန်းများ၊ မြို့များကို အင်အားအလွန်အကျွံ အသုံးပြုကာ တိုက်ခိုက်လာခဲ့ပါသည်။ ယမန်နေ့က ရှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ဆက်စပ်သတင်းများကို မိမိ မြေပြင်သတင်းထောက်များ၏ ပေးပို့လာမှုများကို ဖော်ပြအပ်ပါသည်။

■   နောင်ချို

        နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာဖက်မှ အကြမ်းဖက်သောင်းကျန်းသူ TNLA များ နောင်ချိုမြို့အတွင်းသို့ ဘူတာရပ်ကွက်ဖက်မှ ယမန်နေ့ မွန်းလွဲပိုင်း မှစတင်၍ ဝင်ရောက်ရန်ကြိုးပမ်းရာ
တပ်မတော်စစ်ကြောင်းများက ကင်းပုန်းများဖြင့် ပိတ်ဆို့ချေမှုန်းခဲ့သည့်အတွက် အထိအခိုက်အသေအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့သည်။ ၎င်းအပြင် ယမန်နေ့ ညဦးပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူ TNLA သည် အင်အား ၂၀ဝ ခန့်ဖြင့် နောင်ချိုမြို့အတွင်းသို့ ထပ်မံဝင်ရောက်ရန် သုံးဆယ်ကျေးရွာ၌ ထပ်မံစုဝေးနေစဉ် တပ်မ တော်က လက်နက်ကြီးဖြင့် ပစ်ခတ်ချေမှုန်းခဲ့သည့်အတွက် အကျအဆုံးများပြားခဲ့ကြောင် မြေ ပြင်ဒေသခံများ၏ သတင်းအရသိရှိရသည်။

      ထို့ကြောင့် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာအနီးသို့ရောက်ရှိနေသော အကြမ်းဖက်သောင်း ကျန်းသူ TNLA များသည် ညပိုင်းတွင် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီးသို့ အသေခံပြီး ထပ်မံချဉ်းကပ်လာခဲ့သည့်အတွက် ၄င်းနောက်ဆုံးလက်ကျန် အကြမ်းဖက်အဖွဲ့များအား တပ်မတော်က လက်နက်ကြီးများဖြင့် ချေမှုန်းခဲ့ကြောင်း မြေပြင်သတင်းထပ်မံရရှိခဲ့သည်။

■   ဂုတ်တွင်း

       ဂုတ်တွင်းအနီးတဝိုက်သို့အကြမ်းဖက်များချဉ်းကပ်ရန်နည်းမျိုးစုံနှင့်ကြိုးပမ်းနေသည်ဟု သိရပါသည်။ ဂုတ်တွင်းအနီး နောင်ပစ်ကျေးရွာလမ်းခွဲသို့ ချဉ်းကပ်လာသောအကြမ်းဖက်အဖွဲ့များအား တပ်မတော်စစ်ကြောင်းများမှ လက် နက်ကြီးပစ်ကူများရယူပြီး ချေမှုန်းရှင်းလင်းခဲ့ကြောင်း၊ အကြမ်းဖက်များထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်သည်။

■   ကျောက်မဲ

       ကျောက်မဲမြို့သချိုင်းကုန်းအနီးသို့ ယမန်နေ့ ညနေပိုင်းတွင် ချဉ်းကပ်လာသော အကြမ်းဖက်အဖွဲ့များအား လက်နက်ကြီးတစ်လုံးပစ်ခတ်ချေမှုန်းခဲ့ကြောင်း၊ သချိုင်းကုန်းများခံနေသဖြင့်ထိရောက်မှု့နည်းပါးကြောင်း၊ အကြမ်းဖက်များ သည် သချိုင်းကုန်းမှ ဝေးဝေးမသွားဘဲ အနီးတွင်ရှိသော တောင်ကုန်းငယ်များအား အကာအကွယ်ယူ၍ ပုန်းခိုနေကြစဉ် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် အတွဲလိုက်ပစ်ဒုံးကျည်ဖြင့် ထပ်မံချေမှုန်းခဲ့ရာ ပစ်မှတ်ကိုကွက်တိထိသည်ဟု မြေပြအင်အကဲကြည့်အဖွဲ့မှ ပြန်လည်သတင်းပေးပို့ခဲ့ကြောင်း၊အထိအခိုက်သေဆုံးမှု မသိရသေးကြောင်း သတင်းရပါသည်။

      ယမန်နေ့ ည ၉ နာရီအချိန်ခန့်မှစ၍ သီပေါမြို့နယ်၊ ကျင်သီတံတားအနီးရောက်ရှိနေသော အကြမ်းဖက်ပူးပေါင်းအဖွဲ့သည် ၃ ဖွဲ့ခွဲ၍ ကျောက်မဲမြို့ဖက်သို့ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့သည့်အတွက် ကင်းပုန်းနေရာယူထားသော တပ်မတော်စစ်ကြောင်းများမှ ကြိုတင်ချေမှုန်းပြီး လက်နက် ကြီးများ အဆက်မပြတ်ပစ်ခတ်၍ ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။ ညသန်းခေါင်ကျော် ၁ နာရီအချိန်အထိ အဆက်မ ပြတ်ပစ်ခတ်ချေမှုန်းခဲ့ပြီး ယနေ့ နံနက် ၃ နာရီအချိန်ခန့် နောက်ပိုင်းတွင် အကြမ်းဖက်များ ဖယိုဖရဲဖြင့်ဆုတ်ခွါသွားခဲ့ကြောင်း၊ ၎င်းဆုတ်ခါရာ တောလမ်းများသို့ မြေပြင်အကဲကြည့်အဖွဲ့များ၏ ညွှန်ပြ ချက်အတိုင်း လက်နက်ကြီးများဖြင့်  ကြိုး ကြားကြိုးကြား ပစ်ခတ်ချေမှုန်းခဲ့ကြောင်းနှင့် ထိခိုက်သေဆုံး စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။

■   သီပေါ

        ယမန်နေ့ ည တစ်ညလုံး သီပေါမြို့တွင်အေးဆေးတည်ငြိမ်လျှက်ရှိပြီး ကျင်သီတံတားအနီးသို့ အကြမ်း ဖက်များ ထပ်မံရောက်ရှိနေကြောင်း၊ အနီးတွင်ရှိသော ဒေသခံများ၏ မော် တော်ယာဉ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသည့်အတွက် ဒေသခံအချို့မှ ငိုယိုတောင်းပန်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရကြောင်း မြေပြင်သတင်းထောက်များက သတင်းပေးပို့လာသည်။

■   လားရှိုး

       အကြမ်းဖက်အဖွဲ့များသည် ယမန်နေ့ ညပိုင်းတွင် လားရှိုးမြို့နယ်၊ ပန်ဟုန်းကျေးရွာဖက်သို့ ချဉ်းကပ်လာသည့်အတွက် တပ်မတော်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်ချေမှုန်း ထိခိုက်မှု့အခြေ အနေမသိရသေးကြောင်း၊ သိန္နီ – လားရှိုး လမ်းမပေါ်တွင် ရောက်ရှိနေသောအကြမ်းဖက်အဖွဲ့များ သည် လားရှိုးမြို့ဖက်သို့ မတ်ချီးနုကျေးရွာ ဖက်မှ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့်အတွက် တပ်မ တော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းခဲ့ကြရကြောင်း သိရသည်။

■   မူဆယ်

       မူဆယ်မြို့အနီးအကြမ်းဖက်သောင်းကျန်း သူများ ချဉ်းကပ်လာခဲ့သည့်အတွက် ယမန်နေ့
ညပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ချေမှုန်းခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးကြောင်း သတင်ရရှိသည်။

■   နမ်းခမ်း

       နမ်းခမ်းမြို့၊ မန်အောင်ကျေးရွာနှင့် ဆာလူကျေး ရွာအနီးရှိ အကြမ်းဖက်များအား တပ်မတော်မှ လေ ကြောင်းတိုက်ခိုက်မှု့ပြုလုပ်ခဲ့ရာ အများအပြားသေ ဆုံးသော်လည်း အကြမ်းဖက်များ ရှိနေသေးကြောင်း ရွှေဖီမြေမှ သတင်းပေးလာသည်။ နမ်းခမ်းပြည်သူ့ဆေးရုံအား အကြမ်းဖက်များစိုးမိုးထားပြီး ဒဏ်ရာရအကြမ်းဖက်များကို ကုတင်တလုံးလျှင် ၂ ယောက်တင်၍ ကုသသော်လည်း နေရာမလောက် ကြမ်းပြင်များပေါ်တွင် တုံးလုံးပက်လက် အလွန်များပြားနေကြောင်း၊ ဆေးရုံတွင်ရှိသော အောက်ဆီဂျင်ဗူးများကို အရေးပေါ်လူနာများအတွက်အသုံးပြုနေကြောင်း၊ ကုန်းကုလားသချိုင်းကုန်းအနီးတွင် သေဆုံးနေသောအကြမ်းဖက်များ၊ဒဏ် ရာဖြင့်မသေသေးသောအကြမ်းဖက်များအား သွားရောက်ကယ်ဆယ်မည့်သူတစ်ယောက်မှမရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များနှင့်ချိတ်ဆက်ထားသည့် ပရဟိတအယောင်ဆောင်အဖွဲ့များပင် အပုတ်နံ မခံနိုင်၍ သွားမကောက်ရဲကြောင်း၊ တပ်မ တော်မှ လေယာဉ်ဖြင့်ရိက္ခာချပေးရာတွင် အကြမ်းဖက်များဖက်သို့ ဆန်ထုတ်(၂)ထုပ်နှင့်ကျည် အချို့ကျရောက်ခဲ့ရာ အကြမ်းဖက်များ အားရဝမ်းသာကောက်ယူနေကြကြောင်း၊ တပ်မ တော်မှ လေကြောင်းဖြင့် တိုက်ခိုက်သည့်အတွက် အကြမ်းဖက်အများအပြားသေဆုံးပြီး ရိက္ခာနှင့် ခဲယမ်းများ အားလုံးပျက်စီးသွားသည်ဟု မြေပြင်သတင်းပေးထံမှ သိရသည်။

■   လောက်ကိုင်

       ယမန်နေ့ ညပိုင်းတွင် လောက်ကိုင်မြို့အနီး ပစ်ခတ်မှု့များဖြစ်ပွားခဲ့ပြီး မြို့တွင်းအခြေအနေတည်ငြိမ်နေဆဲရှိသည်။ အစားအသောက်ဈေးအလွန်ကြီးသည့်အတွက် လောက်ကိုင်မြို့အတွင်းသို့ ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမား ၅၀ဝ ခန့် ကားလမ်းအတိုင်း ထပ်မံထွက်ခွါလာကြသည်ဟု ဆိုသည်။ ထွက်ခွါလာသည့် ရွှေ့ပြောင်းအလုပ်သမားများကို အကြမ်းဖက်များက ကျားမ မရွေး အသက် ၁၄ နှစ် နှင့် ၄၀ နှစ်အကြားလူများအား ဓားစာခံများအဖြစ်ဖမ်းဆီးထား သည်မှာ အင်အား ၁၀ဝ၀ ကျော်ရှိသည်ဟု သိရသည်။

■    ဘိမ်း

       မဘိမ်းမြို့နယ်အတွင်းရှိကျေးရွာနေပြည်သူ လူထုအား အကြမ်းဖက်များက တစ်အိမ်လျှင် ၁ သိန်း ၃ သောင်းကျပ် မပေးမနေရ အတင်းအကြပ်ငွေများကောက်ခံနေသည်ဟု သတင်းရရှိသည်။

#PAN