တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးဝါးများနှင့်မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၇

      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Aluminum Frame ကီလို ဂရမ် ၂၅၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀,၀၀၀)နှင့် အဆို ပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၀၀၀,၀၀၀) စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့် ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် အမျိုးသမီးအဝတ် အထည် ၄၁၇ ထည်၊ Face Wash မျက်နှာသစ်ဆပ်ပြာ ၄၆၆ ဘူး အပါအဝင် ကုန်ပစ္စည်း ၁၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၆၇၂,၀၀၀)ကို လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ ပိုင်ရှင်မှ ထုတ်ယူလိုသောဆန္ဒမရှိသည့် Fashion Pants ဘောင်းဘီရှည် အထည် ၁၇၀၀ အပါ အဝင် ကုန်ပစ္စည်း ၂၈ မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၇,၂၈၁,၀၀၀)ကို လည်းကောင်း၊ အေးရှား ဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် မီးဖိုချောင်သုံး စတီးအိုး ကီလိုဂရမ် ၆၀၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၅၀,၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂,၀၀၃,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ယင်းအပြင် နိုဝင်ဘာ ၂၄ ရက်တွင် ပဲခူးတိုင်း
ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့အနီး မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော DexOph မျက်စိနှင့်နား အစက်ချဆေးဘူး ၁၄၄၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ်
၃၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်
၄၁,၅၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော EQUATE Polyethylene ကီလို ဂရမ် ၁၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၁၆၈,၀၀၀) နှင့် တင်ဆောင်လာသည့် အဆိုပါပစ္စည်းများ Howo SinoTractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၁၆၈,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၅၆၉၁၀၀၀) ဖြစ်ကြောင်း သိရသည်။

#PAN