ဂျပန်က မြန်မာနိုင်ငံမှ ဆားကြမ်းများ တန်ချီဝယ်ယူရန် ကမ်းလှမ်းနေသည်ဟုဆို

နိုဝင်ဘာ ၂၇

      ဂျပန်နိုင်ငံမှ မြန်မာ့ဆားကြမ်း အများအပြားဝယ် ယူရန် ကမ်းလှမ်းမှုများရှိနေပြီး မြန်မာနိုင်ငံ ဘက်က ဆားကြမ်းနမူနာများကို ပြီးခဲ့သော နှစ်လအတွင်း ဂျပန်နိုင်ငံကိုတင်ပို့ခဲ့ကြောင်း မွန်ပြည်နယ်က ဆားလုပ်ငန်းရှင်များထံမှ သိရပါသည်။

      မြန်မာ့ဆားကြမ်းများကို ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများက ဝယ်ယူရန်ဈေးကွက်ကမ်း လှမ်းချက်များကို ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်မှစကာ ပြုလုပ်လာခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆားကွင်းများနှင့် ဆားချက် လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်များမှာ လုပ်ကိုင်ထုတ် လုပ်ကြခြင်း ဖြစ်ပြီး  မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ ဆားအများဆုံး ထွက်ရှိသည့်ဒေသဖြစ်ပြီး နှစ်စဉ် ဆားကွင်း ဧကပေါင်း ၄,၅၀၀ ကျော်ကနေ ဆားတန်ချိန် ၅၀,၀၀၀ ကျော် ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားသစ် ပုံမှန်ထွက်ရှိသည် သိရပါသည်။

      လက်ရှိတွင် ဆားဈေးများ အနေနှင့် ရန်ကုန် လက် လီဈေးကွက်အတွင်း တစ်ပိဿာကို ၁,၅၀၀ ကျပ်ခန့် ပေါက်ဈေးရှိနေရာ လက်ကားဈေးမှာ တစ်ပိဿာကို ၉၀၀ ကျပ်ဈေးရှိနေပြီး ဆားထွက်ရာ ဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးများတွင် ဆားတစ်ပိဿာ ကို ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေကြောင်း သိရပါသည်။

#PAN