ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိရွာများမှ ရေ လုပ်သားများကို စစ်တပ်က လူသစ်စုဆောင်းနေ၊ နေပြည်တော်တွင်လည်း ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံလျက်ရှိ ဟု သတင်းတု သတင်းမှားများ ဖြန့်ဝေ

နိုဝင်ဘာ ၂၇

      တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိရွာများမှ ရေလုပ်သားများကို တပ်မတော်က လူသစ်စုဆောင်းနေကြောင်း၊ အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေး ရွာများကို ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည် ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ Khit Thit Media က မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်၍  ကျွန်းစုမြို့ နယ်ရှိ ကျေးရွာများတွင် တပ်မတော်မှ လူသစ် စုဆောင်းခြင်းများ လုံးဝမပြုလုပ်ပါကြောင်း၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေး ရွာများတွင်လည်း ပြည် သူ့စစ်သင်တန်းတက်ရောက်ရန် လူအင်အားတောင်းခံခြင်းများ လုံးဝ (လုံးဝ)ပြုလုပ်မှု မရှိပါကြောင်း ဒေသ ခံသတင်းအရင်းအမြစ်များအရ သိရှိရပါသည်။

      သို့ဖြစ်ပါ၍ ပြည်ဖျက်မီဒီယာများ၏ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ထင် ယောင်ထင်မှားဖြစ်စေသည့် ကောလာဟလ သတင်းတုသတင်းမှားများကို အချိန်ကိုက် ထုတ်လွှင့်လျက်ရှိရာ ပြည်သူများအနေဖြင့် အမှားအမှန် ခွဲခြားသိမြင်နိုင်ရေးအတွက် သတင်းမှန် ပြန်ကြားလိုက်သည်ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#PAN