တာချီလိတ်မြို့၌ ငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၆

      ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ မောင်က ကို စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၃၀၀၀ သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်း ဆက်အရ နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ကိုကိုလင်း (ခ) လင်းလင်းကို ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၁၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၈၅ ကီလို၊ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ် ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အလားတူ လူငယ်များကိုအန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့် တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN