မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း ၁၉မိုင်တွင် ယာဥ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးအမျိုးသား ၃ ဦး သေဆုံးခဲ့

နိုဝင်ဘာ ၂၅

      မန္တလေး – ပြင်ဦးလွင်၊အဆင်းလမ်း ၁၉ မိုင်အနီးတွင်ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ယာဥ်မတော် တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး သေဆုံးခဲ့ရကြောင်း လူမှုကူညီရေးဆောင်ရွက်ပေးသည့်အသိုင်း အဝိုင်းမှ စုံစမ်းသိရှိရသည်။

      ” ဘယ်ကနေဘယ်လို Accidentဖြစ်ကြတာလဲတော့၊ သေချာမသိသေးပါဘူး၊ Accident ဖြစ်တာကတော့ အိမ်စီးကားတစ်စီးနဲ့ လိုက်ထရပ်ကားတစ်စီးတို့ပါ၊ လိုက်ထရပ်ကတော့၊လမ်းဘေးက ၁၀ ပေလောက်နက်တဲ့ မြောင်းထဲထိုးကျပြီးအမျိုးသား ၃ ယောက် ပွဲချင်းပြီးသေသွားပါတယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့သူကတော့၊ အမျိုး သား၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါ၊ ဒဏ် ရာရတဲ့ထဲမှာ အမျိုးသမီးက စိုးရိမ်ရပါတယ် ” ဟု၊လူမှုကူညီရေးဆောင်ရွက်ပေးသူတစ်ဦးက ပြော သည်။

       ယာဥ်မတော်တဆမှုဖြစ်ပွားရာသို့ စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)နှင့် မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေ သကြီး)တို့က သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊သေဆုံးသူများ၏ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ ကိုလူနာတင်ယာဥ်များဖြင့်ဆေးရုံသို့၊ပို့ဆောင်ပေးခဲ့ကြောင်း၊သိရသည်။
Photo_မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ (မန္တလေး တိုင်းဒေသကြီး)

#PAN