နိုဝင်ဘာ ၂၅
လာမည့် ဒီဇင်ဘာလတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၃) ကို မန္တလေးမြို့တွင် ကျင်းပသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။
အဆိုပါ ကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၂၆၂ ခန်း ပါဝင်မည်ဖြစ်ကာ နိုင်ငံတကာမှ ပြခန်းများလည်း ပါဝင်မည် ဖြစ်သည်။
တရုတ်နိုင်ငံမှ ပြခန်းပေါင်း ၇၀ ကျော် အပါ အဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တခြားနိုင်ငံ များကလည်း ယင်းဖိုရမ်တွင် ပါဝင်ပြသကြမည်ဟု သိရပါတယ်။ အဆိုပါ ဖိုရမ်၌ မြန်မာနိုင်ငံမှ ပြခန်း ၃ ပုံ ၁ ပုံ ပါဝင် ပြသမှာဖြစ်ပြီး လယ်ယာသုံးထွက်ကုန်နှင့် ပစ္စည်းများ၊ ချည်ထည်များနှင့် ကျောက်မျက်ရတနာများ ပြသသွားမည်ဟု သိရပါသည်။
ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်က မန္တလေးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲနှင့် ရင်း နှီးမြှုပ်နှံမှုဖိုရမ်ကို ပထမဆုံးအကြိမ် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ကျင်းပခဲ့သည်။
#PAN