ဆော်ဒီလိဂ်၌ နည်းပြဖြစ်ဖွယ်ရှိတယ်လို့ဆိုတဲ့ မော်ရင်ဟို

နိုဝင်ဘာ ၂၅

        ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို က တစ်ချိန်ချိန်တွင် ဆော်ဒီလိဂ်မှာ နည်းပြဖြစ်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

        အသက် ၆၀ အရွယ် မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင် ဆော်ဒီလိဂ်မှ ကလပ်အသင်းတစ်သင်းရဲ့ တန်ဖိုးကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မော်ရင်ဟို က အနာဂတ်မှာ ဆော်ဒီလိဂ်နည်းပြဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

       မော်ရင်ဟို ဟာ ရိုးမားအသင်းနှင့် လာမည့် နွေ ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအချိန်မှာ ဆော်ဒီကလပ်အသင်းတစ်သင်းကို ကိုင် တွယ်ရန် စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN