၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ချေးငွေကျပ် ၁,၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးမည်

နိုဝင်ဘာ ၂၃

     စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် နှစ်ဆင့်ချေးငွေစီမံ ကိန်း၊ စီမံကိန်း ဦးဆောင်ကော်မ တီ၏ (၂၈) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း တောင်သူများသို့ ချေးငွေကျပ် ၁,၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးထားသည်ဟု ပြောကြားခဲ့ပါသည်။

      အဆိုပါ အစည်းအဝေးကို ပြီးခဲ့သည့် နိုဝင် ဘာလ ၂၁ ရက်က ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

      အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မ တီဥက္ကဋ္ဌ၊ စီမံဘဏ္ဍာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စိုက်ပျိုးရေးနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် လမှ စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ငွေကျပ်သိန်း ၇၀၀ အထိ ချေးငွေများအား နှစ်တို ၃ နှစ်၊ နှစ်ရှည် ၅ နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိသည်ဟု သိရပါသည်။

       စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ် စက်တင် ဘာလကုန်အထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅,၆၈၅ ဦးကို ထွန်စက်ကြီး ၂,၇၅၈ စီး၊ ရိတ် သိမ်း ခြွေလှေ့စက် ၂,၆၇၇ စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေကျပ် ၂၃၇,၁၇၅ ဒသမ ၁၇၈ သန်း ထုတ်ချေး ပေးထား သည် သိရပါသည်။

       ထို့အပြင် ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးပေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည် ပတ်နိုင်ခြင်းဖြင့် တောင်သူများရဲ့ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမှာ ဖြစ်သည်ဟု သိရပါသည်။

      မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ ဘဏ်ခွဲ အဆင့်ဆင့်အနေနဲ့ Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံ ကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ် ဌာန များနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

#PAN