ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၁၂၀၀ ခန့် ပိတ်ထားရကြောင်း မဟုတ်မမှန် သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေ လျက်ရှိ


နိုဝင်ဘာလ ၂၃

   ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေစသည့် မြို့နယ်(၁၀)မြို့နယ်၌ စာသင်ကျောင်းပေါင်း ၁၂၀၀ ခန့် ပိတ်ထားရကြောင်း မဟုတ်မမှန် သတင်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

   ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စာသင်ကျောင်းများ ပိတ်ထားမှုမရှိဘဲ ကျောင်းများပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိပါကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

သို့ဖြစ်ပါ၍ ဒေသခံတိုင်းရင်းသားများ အနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြည်ဖျက်မီဒီယာနှင့် အကြမ်းဖက်မှု အားပေးသည့် မီဒီယာအချို့တို့မှ ပညာရေးနှင့် ပတ်သက်၍ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည့် လုပ်ကြံသတင်း များကို ယုံကြည်ခြင်းမရှိကြရန်နှင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို ဆက်လက်အားပေးသွားကြ ရန်လိုအပ် မည်  ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

PAN