ပြည်မြို့တက္ကသိုလ်တွင် တပ်မတော်က တပ်စွဲထားပြီး ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအားလုံး ကျောင်းမှ ထွက်ခွာရန် ပြောဆိုထားကြောင်း ဟု လုပ်ကြံသတင်း တစ်ခု အား ရေးသားဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၂၃

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်မှ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျောင်းရှိ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာများနှင့် ပညာရေး ဝန်ထမ်းများအား ၂၆ ရက်နေ့အပြီး နောက်ဆုံး ထားပြီး ကျောင်းဝန်းထဲမှ ပြောင်းရွှေ့ထွက်ခွာပေးရန် ပြောကြားခဲ့ကြောင်း၊ ဒါကြောင့် ဆရာ၊ ဆရာမ၊ ပညာရေး ဝန်ထမ်းများ ရပ်ကွက်များအတွင်း အိမ်ငှားရှာနေရသည် ဆိုသည့်  လုပ်ကြံ သတင်းအမှားအား လူမှုကွန်ရက် စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေမှုအား တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဖြေကြားချက်အရ ပြည် တက္ကသိုလ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ပညာရေး ဝန်ထမ်းများအား ပြောင်းရွှေ့ထွက်ခွာ စေခြင်းမရှိ ကြောင်းနှင့် သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကာလတွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ဖျက်မီဒီယာများမှ ယခုကဲ့သို့ ကောလာ ဟလသတင်းအမှား များကို ကျောင်းသားများနှင့်မိဘများအား စိုးရိမ်ပူပန်မှုဖြစ်စေရန်၊ နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းရေး ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းအမှား များကို လုပ်ကြံဖန်တီး ရေးသားဖော်ပြခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN