နိုဝင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲ သတင်းများ

နိုဝင်ဘာ ၂၃

■   ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အရှေ့ မြောက်ဘက်ရှိ အကြမ်းဖက် PDF စခန်း ၂ ခုအား သွားရောက်ရှင်းလင်းစဉ် ညနေ ၅ နာရီခန့်တွင် စခန်းအနီးသို့အရောက် PDF ၃ ဦးနှင့် တွေ့ရှိသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ PDF အလောင်း ၁ လောင်း၊ ပွိုင့် ၂၂ ကျည် ၂၀ တောင့် ၊ လက်လုပ်မိုင်း ၅ လုံးနှင့်ဆက်စပ်ပစ္စည်းများ၊  ဆိုင်ကယ် ၁ စီးသိမ်းဆည်းရမိခဲ့သည်။

■   မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ လက်ပံကုန်းလမ်းခွဲရှိ လုံခြုံရေးနေရာသို့ နေ့လည် ၃ နာရီခန့်တွင် နေရာ ၃ နေရာမှ PDF ၃၀ ဦးခန့်က Drone  ၁ စီးဖြင့် ဗုံးသီး ၅ လုံးပစ်ချပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အလောင်း  ၁ လောင်း၊ KA-25 သေ နတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၉ တောင့် သိမ်းဆည်းရမိခဲ့​ပြီး တပ်မတော်ဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့သည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းသို့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် နေရာ ၄ နေရာမှ PDF ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ PDF အလောင်း ၇ လောင်း သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ရဲကင်းစခန်းသို့ PDF ၂၀ ဦးခန့်က လည်း ကောင်း ၊ ရွှေပြည်အေးရွာရှိ ပြည်သူ့စစ်စခန်းသို့ PDF ၁၅၀ ဦးခန့်က နေရာ ၂ နေရာမှလည်းကောင်း နေ့လည် ၁၂ နာရီခန့်တွင် တစ်ချိန်တည်းတစ်ပြိုင်နက်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက် ထိ ခိုက်မှုစုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ သနန်ကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား PDF ၁၀၀ ဦးခန့်က ညနေ ၄ နာရီအချိန်ခန့်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှုစုံစမ်းဆဲဖြစ်သည်။

■   ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ လုံခြုံရေးလုပ်ထားသည့် နေရာများကို AA သောင်းကျန်း သူ ၁၀၀ ဦးခန့်က နံနက် ၈ နာရီ၊ မွန်းလွဲ ၁ နာရီနှင့် ညနေ ၄ နာရီအချိန်ခန့်တို့တွင် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန် လည်ပစ်ခတ်ခဲ့သည်။ AA သောင်းကျန်းသူများသည် ထိခိုက်ဒဏ်ရာရသူများ၊ အလောင်းများအား ဆွဲယူပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တပ်မတော်ဘက်မှ စစ် သည် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက် KNPP / KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြည် နယ်မီးသတ်ရုံးသို့ နံနက် ၉ နာရီခန့်၊ ၁၁ နာရီခန့်နှင့် မွန်းလွဲ ၂ နာရီခန့်တို့တွင် အင်အား ၁၀၀ဦးခန့်၊ ၆၀ ဦးခန့်နှင့် ၄၀ ဦးခန့်တို့မှ စုစုပေါင်း  ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်း သူ ထိခိုက်မှုစုံစမ်းဆဲဖြစ်ပြီး တပ်မတော်မှ စစ်သည် ၁ ဦးကျဆုံး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ KNPP/KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မြို့တွင်းရှိ တပ်မတော်မှ လုံခြုံရေးယူထားသော နေရာများသို့ အင်အား ၁၀၀ ဦးခန့်ဖြင့်လည်း ကောင်း၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် လွိုင်ကော်အကျဉ်းထောင်သို့ အင်အား ၃၀ ဦးခန့်ဖြင့်လည်း ကောင်း လာရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူဘက်မှ ထိခိုက်မှုစုံစမ်းဆဲဖြစ်ပြီး တပ်မတော်ဘက်မှ စစ်သည် ၁ ဦးကျဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PAN