တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၃

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်တွင် ရခိုင်ပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲခရိုင် ဂွမြို့ နယ်၌ တရားမဝင် အခြားသစ် ၃၉ ဒသမ ၄၉၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၀၄,၈၁၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ နိုဝင်ဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးဝမြို့နယ်၌ လိုင်စင်မဲ့ RAY-Z ဆိုင်ကယ်တစ်စီး(ခန့် မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်း ကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထပ်မံ၍ နိုဝင်ဘာ ၂၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုဗ္ဗသီရိမြို့ နယ်၌ လိုင်စင်မဲ့ Nissan March ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်း ကုန်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ နိုဝင်ဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ ပိုင်ရှင်မှ ထုတ်ယူလိုသောဆန္ဒမရှိသည့် Electric Drill အုတ်ဖောက်စက် (Used) တစ်လုံးအပါအဝင် ကုန်ပစ္စည်းလေးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Toilet Seat Cover ၄၅၅ ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၉၅,၀၀၀)ကိုလည်းကောင်း၊ သီလဝါကုန် သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် GU Sport တီရှပ် ၂၃၂ ထည်၊ GARNIBO ခေါင်းလျှော်ရည် ၂၄၈ ဘူးအပါ အဝင် ကုန်ပစ္စည်း ၁၇ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၁၈၀,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀.၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ballpen အချောင်း ၁၂၀၀၀၊ Coat Rack Steel အင်္ကျီချိတ် အခု၂၀ နှင့် Vee Rubber ဆိုင်ကယ်တာယာ အလုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၀၀,၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၈၆၅,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လမ်းမတော်မြို့နယ် ဝါးတန်းကုန်စည်ဒိုင်အတွင်းရှိ ဂိုဒေါင်အမှတ် (၅၈)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ၅၅၂ ဘူး၊ နှစ်လီတာပါ ဘူး ၄၈၀ နှင့် ပုစွန်တစ်ကောင် စားအုန်း ဆီ ၁၈ လီတာပါ ၂၁ ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၂၉၄,၀၀၀) ကိုလည်းကောင်း၊ လမ်းမတော်မြို့နယ် ဝါးတန်းဆိပ်ကမ်းရှိ D-2 သိုလှောင်ရုံ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင်စားအုန်း ဆီ တစ်လီတာပါ ၂၁၆ ဘူး၊ နှစ်လီတာပါ ၁၃၂ ဘူးနှင့် ငါးလီတာပါ ၄၈ ဘူး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၆၀,၀၀၀)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Cream Hardener လုပ်ငန်းသုံးကော်ဘူး ၅၃၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၂၄,၀၀၀)နှင့် အဆို ပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့် မှန်းတန်ဖိုးငွေကျပ် ၇၈,၁၇၈,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရား မဝင် ကျွန်းသစ် ၂ ဒသမ ၃၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၄,၆၄၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇,၈၀၂,၄၅၀) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN