ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာပါဝင်မည့် မြန်မာကုမ္ပဏီများအတွက် စိတ်ဝင်စားမှုအဆို ပြုလွှာ EOI ဒီဇင်ဘာလ ၃၀ ရက်အထိ ရက်တိုးမြှင့်ရောင်းချပေးသွားမည်

နိုဝင်ဘာ ၂၃

     ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် ရေနက်ဆိပ် ကမ်းစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကုမ္ပဏီများကို ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားမှုအဆိုပြုလွှာ EOI ကို ဒီဇင်ဘာလ ၃၀ ရက်အထိ တိုးမြှင့်ရောင်းချပေးသွားမည်ဟု ကြေညာထားပါသည်။

       ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာ နိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်သည့် Myanmar Government Designated Entity Consortium ဖွဲ့စည်းရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းတွင် ပါဝင်လိုသည့် နိုင်ငံသားကုမ္ပဏီများကို နိုဝင်ဘာလ ၁၈ ရက်အထိ သတ်မှတ်ခေါ်ယူခဲ့ရာမှ ဒီဇင်ဘာလ ၃၀ ရက်အထိ ရောင်းချမယ့်ရက်ကို တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။

     ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် ပါဝင်လိုသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအနေနှင့် အထောက်အထား တစ်ခုခု တင်ပြပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ထည့်ဝင်နိုင်သည်ဟု သိရ ပါသည်။ 

      အဆိုပါ ကုမ္ပဏီများမှာ သက်တမ်း ၁၀ နှစ်နှင့်အထက် သို့မဟုတ် အခြေခံအဆောက်အဦ တည် ဆောက်ရေး အတွေ့အကြုံ ၅ နှစ် ရှိရမှာဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီဆိုလျှင် သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားပေးမည်ဟု ဆိုသည်။

      ၃ နှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀ သို့မဟုတ် ၎င်းနှင့် ညီမျှသည့် မြန်မာ ကျပ်ငွေ ရရှိရမှာဖြစ်သကဲ့သို့ အမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြင်း၊ အရည် အချင်းပြည့်မီမှုမရှိသည့် ကုမ္ပဏီ မဖြစ်ရဟု အသိပေးထားပါသည်။

#PAN