သထုံမြို့ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာ ဆိုင်းဘုတ်အနီး ပေါက်ကွဲမှုဖြစ်ပွား

နိုဝင်ဘာ ၂၂

ယမန်နေ့ည ၈ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့ သိမ်ကုန်းရပ်ကွက်၊ သထုံ ဘားအံကားလမ်းဘေး၊ နတ်စင်ကုန်းလမ်းမီးပွိုင့်ထောင့်ရှိ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းအိမ်ယာ ဆိုင်းဘုတ်ရှေ့တွင် ပေါက်ကွဲမှုတခုဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါပေါက်ကွဲမှုသည် အသံမိုင်းဖြစ်၍ တစုံတရာထိခိုက်မှုမရှိကြောင်းသိရှိရပါသည်။

#PAN