ယူကရိန်းအတွက် ငွေကျည်ဆံ မရှိဟု အမေရိကန်ပြော

နိုဝင်ဘာ ၂၂

       လက်ရှိဖြစ်ပွားနေသော ရုရှား – ယူကရိန်း ပဋိပက္ခကို တစ်ချက်တည်းနှင့် အဆုံးသတ်သွားစေနိုင်သည့် ယူကရိန်းအတွက် ငွေကျည်ဆံ သည် အမေရိကန်တွင် မရှိကြောင်း အမေရိကန်ကာ ကွယ်ရေးဝန်ကြီး လွိုက်ဩစတင် က ပြောသည်။ ယူကရိန်းနိုင်ငံသို့ ရောက်ရှိစဉ် ယူကရိန်းသမ္မတ ဇလန်စကီးနှင့် လွိုက်ဩစတင် တို့တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

      ယူကရိန်းအစိုးရက တောင်းဆိုနေ‌သော အမေရိကန်မှ F-16 တိုက်လေယာဉ်များသည် လက်ရှိဖြစ်ပွားနေ သော ပဋိပက္ခအပေါ် သိသိသာသာ သက်ရောက်စေမည်လားဟု သတင်းထောက်များ ၏ မေးမြန်းမှုအပေါ် ၎င်းအနေဖြင့် အကြိမ်ကြိမ်ပြောခဲ့သည့် အကြောင်း အရာများကို သိရှိပြီးဖြစ်သလို ဒီလိုပဋိပက္ခအတွက် ငွေကျည်ဆံဆိုတာ မရှိဘဲ F-16 ဖြစ်စေ၊ HIMARS စနစ်ဖြစ်စေ ဘယ်လိုလက်နက်ဘဲ ဖြစ်ဖြစ် စစ်မြေပြင်တွင် ကောင်းမွန်တဲ့ သက်ရောက်မှုရရှိစေရန် ပေါင်းစပ်အသုံးပြုရခြင်းမျှသာ ဖြစ်သည်ဟု လွိုက်ဩစတင် က ပြန်လည် ဖြေကြားခဲ့သည်။

      တစ်ချိန်တည်းမှာပင် လွိုက်ဩစတင် က အမေရိကန်အနေဖြင့် ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ စစ်ရေး အကူအညီများကို ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေး အပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ထောက်ပံ့မှုများတွင် HIMARS စနစ်တစ်ခုအပြင် အခြား ဒုံးကျည်များနှင့် အမြောက်ဗုံးသီးများ ပါဝင်သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။

#PAN