ယူကရိန်းဘက်က နိုဝင်ဘာလအတွင်း စစ်မြေ ပြင် ဆုံးရှုံးမှုအလွန်များပြားဟု ရုရှားထုတ်ပြန်

နိုဝင်ဘာ ၂၂

     နိုဝင်ဘာလအတွင်း စစ်မြေပြင်၌ ယူကရိန်းဘက်မှ ဆုံးရှုံးမှုအလွန်များပြားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက နိုဝင်ဘာလ ၂၁ ရက်တွင် ပြောသည်။ ယခုလအစပိုင်းမှစ၍ ယူကရိန်းဘက်က စစ်သည် အင်အား ၁၃,၇၀၀ ကျော်၊ စစ်လက်နက် ပစ္စည်းအမျိုးမျိုး ၁,၈၀၀ ဝန်းကျင်ဆုံးရှုံးကြောင်း ဆာဂျီရွှိုင်ဂူ က ဝန်ကြီး ဌာနဘုတ်အဖွဲ့အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းတပ်မတော်က ခါဆန်ဒေသ၌ မြေပြင် စစ်ဆင်ရေးဆင်နွှဲရန် ကြိုးပမ်းမှုအားလုံးမှာ အရာမထင်ဘဲ အရှုံးနှင့်သာ ကြုံတွေ့ခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

     ဆာဂျီရွှိုင်ဂူက ယခုကဲ့သို့ ယူကရိန်းတပ်မတော်၏ ကြိုးပမ်းမှုများအားလုံးကို တားဆီးနိုင်ခြင်းသည် မိမိတို့ စစ်သည်များ၏ တက်ကြွမှုနှင့် ကျွမ်းကျင်မှုများကြောင့် ယူကရိန်းဘက်က မရိန်းတပ်ဖွဲ့များ၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့များ ကြီး မားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ထို့အတူ ရုရှား တပ်မတော်သည် စစ်ဆင်ရေးနယ်မြေအတွင်းရှိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်းနှင့် ရှေ့တိုးထိန်း ချုပ်မှုများ တဖြည်းဖြည်းလုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

     ၎င်းအပြင် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့ရှိ အစိတ်အပိုင်းများအားလုံးအမြဲတစေ အသင့်ဖြစ် နေခြင်းက အလွန်အရေးကြီးသော လုပ်ငန်းတစ် ရပ်ဖြစ်သည်ဟု ဆက်လက်ပြောသည်။ ရုရှားတပ်မ တော်အတွက် စစ်လက် နက်ပစ္စည်းများ ပြုပြင်နိုင်မှု ပမာဏသည်လည်း ၂၀၂၄ ခုနှစ်တွင် သိသာစွာ မြင့်တက်လာမည် ဟု ၎င်းကဆက်ပြောသည်။ နောက်ဆုံးတစ်ချက်အနေဖြင့် ရုရှားရေတပ်သည် ၂၀၂၃ ခုနှစ်အတွင်း ရေကြောင်းခရီးစဉ် ၅၀ ကျော်သွားလာနိုင်ခဲ့သည့်အတွက် NATO တပ်ဖွဲ့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN