ပလက်ဝမြိုနယ်၊ မီးဇာရွာအား တပ်မတော်မှ လေကြောင်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်း အမှားများ ဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၂၂

ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ မီးဇာရွာအနီးသို နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ် မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင် ရေးများကို ဆောင်ရွက်လျက်ရှိသော်လည်း နိုဝင်ဘာ ၂၀ ရက်တွင် အဆိုပါနေရာတဝိုက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွာခဲ့ခြင်း မရှိကြောင်းနှင့် AA အဖွဲအနေဖြင့် ပလက်ဝမြိုနယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် ပြည်သူများ နေထိုင်သော ရပ်ကွက်၊ ကျေးရွာများအတွင်းသို အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိရသည်။

ယခုဖြစ်စဉ်သည် တပ်မတော်မှနယ်မြေလုံခြုံရေးဆောင်ရွက်နေမှုအပေါ် အခွင့်ကောင်းယူ၍ တပ်မတော်အပေါ် ပြည်သူ များမှ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်ကာ ပလက်ဝမြိုနယ်၊ မီးဇာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ AA အဖွဲက ၎င်းကျေးရွာတစ်ဝိုက်အား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်မှ လေ ကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟုစွပ်စွဲကာ ပြည်ဖျက်မီဒီယာများက သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။