နွားထိုးကြီးမြို့နယ်တွင် NLD အမာခံ PDF ထောက်ပို့ တစ်ဦး ထောက်ပံမှုအပြည်အဝမရ၍ အကြမ်းဖက် PDF များက သတ်ဖြတ်

နိုဝင်ဘာ ၂၂

     မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊မကျီးကန်ကျေးရွာအနီး၊နွားထိုးကြီး-မလှိုင်သွားကားလမ်း တွင် NLD အမာခံ အမျိုးသား တစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရပါသည်။

       ဖြစ်စဥ်မှာ နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ် ကွက်နေ ဦးတင်ဝမ်း မောင်းနှင်သော 1E/4982 နံပါတ်ပါ TOYOTA RATIC အမျိုးအစား၊ခဲမဲရောင်ယာဥ်ဖြင့် ဒေါ်ဝင်းရွှေ၊ဒေါ်ဝင်းဌေး၊မဗျားတို့နှင့်အတူ သေဆုံးသူ ဖိုးဇော်၊၃၇နှစ်၊(ဘ)ဦးဘိုမောင်၊တက်စည်ကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူတို့သည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့မှ မကျီးကန်ကျေးရွာမှ ဦးပြောင်ကြီး ၏သားဖြစ်သူ ကျော်သူ၏ မင်္ဂလာ ဆောင်သို့ သွားရောက်စဥ် အခင်းဖြစ်နေရာအရောက်၌ အမည်မသိ၊အမျိုးသား ၂ဦးက ဆိုင်ကယ် ၁ စီးဖြင့် ကားရှေ့မှရပ်တန့် တားဆီးကာ ဖိုးဇော်ဆိုတာ ဘယ်သူလဲဟု မေးရာ ဖိုးဇော်မှ ကျွန်တော်ပါဟုပြောသဖြင့် ဖိုးဇော်အား ကားပေါ်မှဆင်းခိုင်းကာ ကားအားဆက်မောင်းခိုင်းခဲ့ပြီး ဖိုးဇော်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖိုးဇော် တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ကျောပြင် ဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဂျိုင်းအောက် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် မှောက်လျက်သေဆုံးခဲ့သည်။

     သေဆုံးသူ ဖိုးဇော်မှာ NLD အမာခံတစ်ဦးဖြစ်ပြီး ဂျင်လောင်းကစားဒိုင်အဖြစ်လုပ်ကိုင်သူဖြစ် ကြောင်း၊ အကြမ်းဖက် PDF များအား ထောက်ပံ့နေသူတစ်ဦးဖြစ်ပြီး PDF များ၏ တောင်းခံမှုများကို အပြည့်အဝ မပေးနိုင်တော့သည့်အတွက် ယခုလို အချင်းချင်း သတ် ဖြတ်ခြင်းဖြစ်ကြောင်းဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

#PAN