နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက် လွှဲပြောင်းပေးအပ်

နိုဝင်ဘာ ၂၂

       နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါ အဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင် ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများ အနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။

      ထိုသို့လွှဲပြောင်း ပေးအပ်ခြင်းများကို ဆောင် ရွက်လျက်ရှိရာ ယနေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုး သား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၈၅၉ ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်း ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တရုတ်နိုင်ငံသား အမျိုး သား ၃၇၃၃ ဦး၊ အမျိုးသမီး ၁၈၅ ဦး၊ စုစုပေါင်း ၃၉၁၈ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

      နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN