နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၂၂

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသ ခံပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန် ရက် စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

    တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေး အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင် ဘာ ၁၉ ရက် ညပိုင်းတွင် နမ့်ဆန်မြို့ နယ်၊ မြို့သစ်ကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ် ပွားစဉ် အကြမ်း ဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တပ်မတော်မှ အဆိုပါဖြစ်စဉ် နေရာသို့ လေ ကြောင်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့်  တပ်မတော်နှင့်ပြည်သူ ပူးပေါင်း ၍ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများ ကို မလိုလားသည့်  ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN