နမ့်ခမ်းမြိုအတွင်းသို တပ်မတော်မှ လက်နက်ကြီး ကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှား များ ဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြိုအတွင်းသို နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းတွင် တပ်မတော်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နမ့်ခမ်းမြိုနယ်အနီးတွင် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းတွင် နမ့်ခမ်းမြိုအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နမ့်ခမ်း မြိုအတွင်းသို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး တပ်မတော်စစ်ကြောင်း များမှ မြို၊ ရွာများအတွင်းသို လက်နက်ကြီးများဖြင့် မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိခဲ့ကြောင်းနှင့် တပ်မတော်နှင့်ပြည်သူ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများကိုမလိုလားသည့် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန်ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေ နေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။