တစ်ပတ်ပေါင် ၁ သန်းရရှိမယ့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ဟာဇက်

နိုဝင်ဘာ ၂၂

     ဘယ်လ်ဂျီယံလက်ရွေးစင် တောင်ပံကစား သမားဟောင်း ဟာဇက် ဟာ တစ်ပတ်လစာ ပေါင် ၁ သန်းရရှိမယ့် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ အနားယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

      ဟာဇက် ဟာ ချဲလ်ဆီးအသင်းမှာ ကစားစဉ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတောင်ပံကစား သမား တစ်ဦးအဖြစ် ခြေစွမ်းပြသခဲ့ပြီးနောက် လာလီဂါထိပ်သီး ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး စပိန်မြေမှာ ရုန်း ကန်ခဲ့ရ ပါတယ်။

       ဟာဇက် ဟာ အသက် ၃၂ နှစ်အရွယ်မှာ ကစား သမားဘဝမှ အနားယူခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းနှင့် လမ်းခွဲပြီးနောက် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းမှုများစွာရရှိခဲ့ပြီး ဆော်ဒီကလပ် အသင်းအချို့က တစ်ပတ်လစာ ပေါင် တစ် သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN