စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ် ပွား

နိုဝင်ဘာ ၂၂

     ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် နယ်မြေရှင်း လင်းစဥ် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အင်ဒိုင်းကုန်းကျေးရွာအနီး၌ အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ လက် လုပ်မိုင်း ၁၂ လုံး၊ Receiver ၂ ခု၊ ဒီတိုနေတာ ၁၁ ခု၊ ဝါယာကြိုး ၁ ခွေတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။

       အလားတူ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ လွင်ကြီးကျေးရွာတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များ သည် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ AK-47 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ M-22 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၆ ခုတို့အား သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

#PAN