ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် ဘုတလင်မြို့ ပြည်သူ့ဆေးရုံအား တပ်မတော်မှ ချိတ်ပိတ်ဆိုသည့် သတင်းမှားများဖြန့်ဝေ


နိုဝင်ဘာ ၂၂ ရက်

စစ်ကိုင်းတိုင်းဒသကြီး၊ ဘုတလင်မြို့ ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအားလုံး CDM ပြုလုပ်သွားသဖြင့် တပ်မတော်မှ အဆိုပါဆေးရုံအား ချိတ်ပိတ်လိုက်ကြောင်း Social Media များ၌ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

ဖြစ်စဉ်မှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာ ၁၉ ရက်တွင် ဘုတလင်မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဘုတလင်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ ကြောင်း၊ ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများပစ်ခတ်သည့် လက်နက်ကြီးကျည်များ ဆေးရုံအတွင်းသို့ ထပ်မံကျ ရောက်နိုင်သဖြင့် မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများသည် တိုက်ပွဲရှောင်သည့်အနေဖြင့် ဆေးရုံမှခေတ္တထွက်ခွာခဲ့ ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဆက်အသွယ် ရယူလျက်ရှိကြောင်း သိရှိရသည်။ PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်မှု လုပ်ရပ်များကြောင့် ပြည်သူ လူထု၏ ကျန်းမာရေးကို စေတနာထားဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်း များအနေဖြင့် ခေတ္တထွက်ခွာ၍ တိုက်ပွဲရှောင်မှုအပေါ် ပြည်ဖျက်မီဒီယာများက CDM ပြုလုပ်သွားသည်ဟု မဟုတ်မမှန် သတင်းမှားများကို ဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

PAN