နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများတွင် MNDAA၊ TNLAနှင့် AA လက်နက်ကိုင်သောင်း ကျန်းသူများသည် အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်နေမှုကြောင့် မြို့နယ်အချို့ တွင် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်တွင် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား လက်နက်ကြီး ကျည်ထိမှန်ပြီး ကားပေါ်တွင် ပါ လာသည့်သူများထိခိုက် သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ဒေသကွပ်ကဲမှုစစ်ဌာန ချုပ် (လောက်ကိုင်)မှ ပစ်ခတ်ခြင်း ဖြစ် ကြောင်း MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ပြောကြားသည်ဆိုသည့် သတင်းအား လူမှုကွန်ရက်စာ မျက်နှာတွင် လုပ်ကြံသတင်း ရေးသား ဖြန့်ဝေမှုအား တွေ့ရှိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အား လုံခြုံရေးဆောင် ရွက်နေသည့်တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းမရှိကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများက တပ် မတော်စခန်းတစ်ခုအား ပစ်ခတ် လိုက်သည့် လက် နက်ကြီးကျည်ဆန်သည် စစ်ဘေး ရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား ထိမှန်ပျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူအချို့နှင့် အခြားသတင်း အရင်းအမြစ်များအရ သိရှိရပြီး အကြမ်းသမားများအနေဖြင့် ဒေသအတွင်း မတည်မငြိမ် ဖြစ်စေရန်၊ ဒေသခံ တိုင်းရင်းသားများအား အကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံ အားပေးလာစေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်၍ လုပ်ကြံသတင်း ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
#PAN