ဓားစာခံများလွှတ်ပေးရေး ညှိနှိုင်းဆွေးနွေးမှုတွင်တိုးတက်မှုများရရှိဟု အစ္စရေးတာဝန်ရှိသူ ပြောကြား

နိုဝင်ဘာ ၂၁

      ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေး ကြွများက ဖမ်းဆီးထားသော ဓားစာခံ ၂၄၀ ကို လွှတ်ပေးရန် ရည်ရွယ်သည့် ကာတာနိုင်ငံက ဦး ဆောင်သည့် ကြားဝင်စေ့စပ်ဆွေးနွေးမှုတွင် တိုး တက်မှုရှိလာကြောင်း အစ္စရေးတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

       အစ္စရေး၏ နိုင်ငံပိုင် Kan TV သတင်း၏ အဆိုအရ အဆိုပါ သဘောတူညီချက်တွင် အမျိုး သမီးနှင့် ကလေး ၅၀ ခန့်ကို လွှတ်ပေးရန်ပါဝင်သည်။ ယခု ဆောင်ရွက်မည့် အစီအစဉ်အရ ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများကို ရက်အနည်း ငယ် ခေတ္တရပ်နားထားရေးအပြင် အစ္စရေးအကျဉ်း ထောင်များတွင် လက်ရှိထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်း အမျိုး သမီးများနှင့် အရွယ်မရောက်သေးသူများကို လွှတ်ပေးရမည်ဖြစ်သည်။

      ဂါဇာ၏ အကြီးဆုံးဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အယ်လ်ရှီဖာဆေးရုံကို အစ္စရေးက စီးနင်းတိုက်ခိုက်ခြင်းကို ကိုးကားပြီး ဟားမတ်စ်က ညှိနှိုင်းရန် ငြင်းဆိုခဲ့သည့် အတောအတွင်း ဆွေးနွေးပွဲများ ခတ္တရပ်ပြီး နိုဝင်ဘာ၁၉ ရက်မှာ ပြန်လည်စတင်ခဲ့သည်ဟု အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

       “ဓားစာခံတွေ လွတ်မြောက်ရေး ကြိုးပမ်းမှု တွေမှာ တိုးတက်မှုတွေရှိလာပေမယ့်၊မပြီးပြတ်သေးပါဘူး” ဟု ၎င်းတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

       မကြာမီရက်ပိုင်းအတွင်း သဘောတူညီချက်တစ် ရပ် လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ကြီး Michael Herzog က ပြောကြားခဲ့သည်။ အရပ် သားများ၊ စစ်သားများ၊ ကလေးများ၊ အမျိုးသမီးများနှင့် လူမျိုးပေါင်းစုံပါဝင်သည့် ဓားစာခံ ၂၄၀ ခန့်ကို ဟားမတ်စ်စစ်သွေးကြွများက အောက်တိုဘာ ၇ ရက်က အစ္စရေးတောင် ပိုင်းကို စီးနင်းတိုက်ခိုက်စဉ် ဂါဇာ ကမ်းမြောင် ဒေသသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုနေ့တွင်ပင် အစ္စရေးက ကြီးမားသော ထိုးစစ်ဆင်မှုဆောင်ရွက်ခဲ့ရာတွင် ပါလက်စတိုင်း အနည်းဆုံး
၁၃၀၀၀ သေဆုံးခဲ့ပြီး အများအားဖြင့် အရပ်သားများဖြစ်ကြောင်း သိရသည်။
Source: Xinhua

#PAN