တရားမဝင်သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၁

      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၇၂၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၄၀,၆၂၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၂၀ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့က ရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် KASHIWA ဟင်းချက်ဒယ်နီအိုးအလုံး ၉၀ နှင့် Smart Softener အမွှေးဆီထုပ် ၂၄၀၀ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

     သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၀ ရက်တွင် သိမ်း ဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲနှစ်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၆၄၀,၆၂၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN