နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ လေ ဆိပ်မှာ ယနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ် ပွားပြီးနောက် လေယာဥ်ခရီးစဥ်တွေ ယာယီရပ် နားထားတယ်လို့ လေယာဥ်လက်မှတ် အေဂျင်စီများထံမှ သိရပါသည်။
” ဒီမနက် ၁၀ နာရီ ၄၅မိနစ် လောက်ကဖြစ်တာပါ ၊ လေယာဥ်ပြေးလမ်းထိပ်နေရာကို ဒရုန်းဗုံးကျပြီး ပေါက်ကွဲတယ် ၊ ပျက်စီးထိခိုက်မှုကတော့ လမ်းအစွန်နေရာမှာ ခြောက်လက်မ ပတ်လည်လောက် ပျက်စီးသွားတယ် ၊ မန္တလေး လေဆိပ်ကနေ ကလေးလေဆိပ်ကိုဆင်းမယ့် လေယာဥ်ဟာ မုံရွာ လေဆိပ်ကနေ မန္တလေးကို လှည့်ပြန်သွားတယ် ၊ ကလေးမြို့မှာ မဆင်းတော့ဘူး” ကလေးမြို့ခံ တစ်ဦးက ဆိုပါသည်။
ကလေး လေဆိပ်တွင် အပတ်စဥ် လေယာဥ် ၅ ကြိမ် အတက်အဆင်းရှိပြီး ယခုကာလတွင် ကလေး – မုံရွာလမ်းမှာ လုံခြုံရေးအရ စိတ်မချရုဖြင့် ပြည်သူ များက လေကြောင်းလိုင်းကို အား ထားပြီး ခရီးသွားကြပါသည်။ အဆိုပါ လေဆိပ်တွင် လေယာဥ်များ မကြာမီ ပြန်လည်ဆက်သက်နိုင်မည်ဟု မျှော်လင့်ကြောင်း မြို့ခံပြည်သူများက ဆိုပါသည်။
#PAN