ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် မြောက်ကိုရီးယား ယနေ့ကစားမည်

နိုဝင်ဘာ ၂၁

      ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယားလက်ရွေးစင်အသင်းတို့ နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

       နိုဝင်ဘာ ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စုပထမပွဲတွင် မြန်မာအသင်းက ဂျပန်အသင်းကို ငါးဂိုးပြတ်၊ မြောက်ကိုရီးယားအသင်းက ဆီးရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ထားသည်။

       ယင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက သုဝဏ္ဏဘော လုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ နှစ်ဖက် အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက် ရောက်သည်။

       မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာက “မြောက်ကိုရီးယားအသင်းရဲ့ ခြေစွမ်းကို သိပ်မသိပေမယ့် အာရှအားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂၄ အသင်းကတော့ ခြေစွမ်းကောင်းမွန်တာ တွေ့ရပါတယ်။ အဲဒီအသင်းက ကစားသမားလေးဦးလောက်ပါဝင်လာပါတယ်။ဆီးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ မြောက်ကိုရီးယားအသင်းရဲ့ ခြေစွမ်းကို သေချာလေ့လာထားပါတယ်။ ကျွန်တော်တို့ မြောက်ကိုရီးယားအသင်းနဲ့ တွေ့ဆုံတိုင်း သရေတောင် မကစားနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ အမှတ်ရအောင် ကစားသွားပါ
မယ်”ဟု ပြောကြားခဲ့သည်။ မြောက်ကိုရီးယားလက် ရွေးစင်အသင်းနည်းပြချုပ် ဆင်ယောင်နမ်က “မြန်မာအသင်းနဲ့ကစားမယ့်ပွဲအတွက် ပြင် ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ပွဲရလဒ်ကတော့ ကစားတဲ့အခါမှ သိရမှာပါ။ မြန်မာအသင်းနဲ့ပွဲမှာ အကောင်းဆုံးရလဒ်ရရှိဖို့ ကြိုးစားသွားမှာပါ။ မြန်မာရော မြောက်ကိုရီးယားပါ အဖွင့်ပွဲမှာ အရေးနိမ့်ထားလို့ အခုပွဲက နှစ်သင်းစလုံအတွက် အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။

#PAN