လီဗာပူးလ်အသင်းနဲ့ပွဲအမီ ပြန်လည်ပါဝင်လာဖွယ်ရှိတဲ့ ဟာလန်း

နိုဝင်ဘာ ၂၀

     ပြီးခဲ့တဲ့ ဖာရိုးကျွန်းစုနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့သူ နော်ဝေတိုက်စစ်မှူး ဟာလန်း က လီဗာပူးလ်အ သင်းနဲ့ပွဲအမီ ပြန်ကောင်းလာဖွယ်ရှိနေပါတယ်။

      မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို အနိုင် ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟာလန်း ဟာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ပွဲဆက်လက်မကစားနိုင်ခဲ့ပေမဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲအပြီး ကစားတဲ့ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်လည် ပါဝင်လာနိုင်ခဲ့ကာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

    ဟာလန်း က လက်ရှိရာသီမှာ မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲကစားပြီး ၁၇ ဂိုးသွင်းယူထားပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

#PAN