နိုဝင်ဘာ ၂၀
■ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင် မယ်ရှောင်ကျေးရွာအနောက်ဘက်တွင် လုံခြုံရေးပူး ပေါင်းအဖွဲနှင့် အကြမ်းဖက် PDF ၁၀ ဦးခန့်တို့ ယမန် နေ့ ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF ၁လောင်း ၊ Isuzu 4 Wheel ၁ စီး သိမ်းဆည်းရမိခဲ့သည်။
■ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊တောင်ဘဇာကျေးရွာရှိ ကထိလှရဲကင်းစခန်းသို့ AA သောင်းကျန်း သူ အင်အား ၁၀၀ ဦးခန့်က ယမန် နေ့ နံနက် ၆ နာရီတွင် ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်း ဖက်အလောင်း ၁ လောင်း၊ အမ် (၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့် သိမ်းဆည်းရမိခဲ့သည်။
■ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်အကူရဲတပ်ဖွဲ့ခွဲရုံးသို့ နေရာ ၂ နေရာမှ အကြမ်းဖက်သောင်း ကျန်းသူ KNPP/KNDF နှင့် PDF ပူးပေါင်း ၆၀ ဦးခန့်က ယမန်နေ့ နံနက် ၇ နာရီကျော်၊ ညနေ ၄ နာရီနဲ့ ၆ နာရီကျော်တို့တွင် ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်သို့လည်း နံနက် ၈ နာရီခန့်က KNPP/KNDF နှင့် PDF ပူးပေါင်း ၂၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိ၊ ရန်သူထိ ခိုက်မှု စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
■ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခလရ (၅၄) ရင်းဌာနချုပ်သို့ နမ့်ကွတ်တောင်နေရာမှ အကြမ်းဖက် KNPP/KNDF နှင့် PDF ပူးပေါင်း အင်အား(စိစစ်ဆဲ) အဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ရှော့တိုက်ဒုံးသီး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဗဟိုကင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာစစ်သည် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
■ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်စခန်းသို့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် နေရာ ၃ နေရာမှ AA အကြမ်းဖက်သောင်းကျန်း သူအင်အား ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် AA သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် AA အလောင်းလက်နက်များ မကျန်ရှိခဲ့သော်လည်း ဒေသ ခံများထံမှ သတင်းအရ ၁၆ ဦးကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း သိရသည်။
■ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ရဲကင်းစခန်းသို့ ယမန်နေ့ နံနက် ၈ နာရီခွဲ ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲဝင်များ ထိခိုက်မှုမရှိ၊ ရန်သူဖက် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
■ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းစခန်းမှ ထုတ်နုတ်အဖွဲ့ လှည့်ကင်းဆောင်ရွက်စဥ်အကြမ်းဖက်သောင်းကျန်းသူ PDF ၅၀ ဦးခန့်က ပစ် ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲ တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
■ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အတွင်း နယ် မြေရှင်းလင်းစဉ် မြသိန်းတန်စေတီ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် နေရာ ၃ နေရာမှ အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်း ၈၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ရာ တပ်မတော်ဖက်မှ ထိခိုက်မှုမရှိဘဲ ရန်သူထိခိုက်မှု စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
■ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ၏ အရှေ့မြောက်ဘက်၌ တပ်မ တော်နှင့် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်း ၁၆၀ ဦးခန့်တို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု စုံစမ်းဆဲဖြစ် သည်။
■ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စခန်းသာကျေးရွာအတွင်း လုံခြုံရေးအဖွဲ့ပူးပေါင်းအဖွဲ့များ နယ် မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ အကြမ်းဖက်သောင်းကျန်းသူ TNLA နှင့် PDF ပူးပေါင်း ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
#PAN