မြန်မာ့ပြောင်းဆန်ကို ဖိလစ်ပိုင်နိုင်ငံမှ အများဆုံးဝယ်ယူထား

နိုဝင်ဘာ ၂၀

     အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၄၈ သန်းတန်ဖိုးရှိ မြန်မာ့ပြောင်းဆန်များကို ပြီးခဲ့သည့် အောက် တိုဘာလ တစ်လတည်းတွင် တန်ချိန် ၈,၉၀၀ ကျော် ဖိလစ်ပိုင်နိုင်ငံက အများဆုံးဝယ်ယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရပါသည်။

      မြန်မာနိုင်ငံအနေနှင့် ပြောင်းဆန်ကို ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ရရှိသည့် အချိန်မှသာ ထိုင်းနိုင်ငံသို့ တင်ပို့ပြီး ယင်းကာလနောက် ပိုင်းတွင် ဈေးကွက်သစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်သည်ဟု သိရပါသည်။ တရုတ်နိုင်ငံသို့ ဘိန်းအစားထိုးသီးနှံအဖြစ် တင်ပို့ခွင့်ရထားသည့်အပြင် ယခုအခါ ပင်လယ် ရေကြောင်းမှတစ်ဆင့် ဖိလစ်ပိုင်ဈေး ကွက်သို့ တင်ပို့ထားခြင်း ဖြစ်ပါသည်။

      ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများ ခေတ္တရပ်တန့်နေသည့်အတွက် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် အခက်အခဲရှိနေသေးကြောင်း ကုန်သည်များ၏ ပြောပြချက် အရ သိရပါသည်။

      မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှ တင်ပို့ပြီး အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖရိကဈေးကွက်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်း ချနေကြောင်းလည်း သိရပါသည်။

#PAN