နိုဝင်ဘာ ၁၉
အစ္စရေး-ဟားမားစ် ပဋိပက္ခအတွင်း အရပ်သားများသေဆုံးမှုကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ က ပြစ်တင်ရှုတ်ချလိုက်ပြီး အဆိုပါဒေသတွင် လူသားချင်းစာနာထောက်ထားမှု အခြေ အနေများကို တိုးတက်မှုရှိရေး လုပ်ဆောင်ကြရန် တောင်းဆိုလိုက်သည်။
Global South ဟု လူသိများသည့် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ အွန်လိုင်းထိပ်သီး အစည်း အဝေးအတွင်း ၎င်းက ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။ ယခုနှစ်တွင် နယူးဒေလီမြို့၌ ဂျီ-20 ထိပ်သီး အစည်းအဝေး ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများထိပ်သီးအစည်း အဝေး၏ အသံတွင်ပါဝင်ကြရန် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို တောင်းဆိုလိုက်သည်။
နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်သော ညှိနှိုင်းဆွေး နွေးပွဲအစပိုင်းတွင် မိုဒီ က ရာသီဥတုပြောင်း လဲမှုနှင့် စားနပ်ရိက္ခာအကျပ်အတည်းကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ အသံများကို ညီညီညွတ်ညွတ်ပြောဆိုကြရန် ပူးပေါင်းပါဝင်လာသော နိုင်ငံများကို တိုက်တွန်းခဲ့သည်။
လာမည့် သီတင်းပတ်၌ နောက်ထပ် ဂျီ-20 ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံက သဘာ ပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ယခုအကြိမ်ပြုလုပ်မည့် အွန်လိုင်းထိပ်သီးအစည်း အဝေးတွင် အရှေ့အလယ်ပိုင်း အရေးသည် ဆွေးနွေးစရာခေါင်းစဉ်အဖြစ် ပါဝင်လာဖွယ်ရှိကြောင်း အင်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြ ထားသည်။
#PAN