အင်းစိန် သံမဏိစက်ရုံအနောက်ဘက် ကမ်းကပ်ထားသော သုံးထပ်သင်္ဘော မီးလောင်


နိုဝင်ဘာ၁၉

ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသော သင်္ဘောမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်နေသည့် သင်္ဘောမီးအား အင်းစိန်မြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သင်္ဘောမှာ ၃ ထပ်သင်္ဘောဖြစ်ပြီး ကုန်းပတ်ပေါ်တွင် မီးလောင်နေခြင်းဖြစ်ကြောင့် မီးလောင်မှုမှာ မွန်းလွဲ ၁၂ နာရီ ၃၀ တွင် မီးငြိမ်းသွားကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအား မသိရသေးကြောင်း ကနဦး သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews