ပွင့်ဖြူမြို့နယ်၌ပွင့်ဖြူမြို့နယ်၌ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းသဖြင့်  ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၂ ပေခန့် ရေကျော်ကျ

*************************************** နိုဝင်ဘာ      ၁၉          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့်   မိုးရွာသွန်းခဲ့သဖြင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့သည့်အတွက် နိုဝင်ဘာ ၁၉ ရက် ၊ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌  တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၂ ပေခန့်  ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံလက်ထောက်အင်ဂျင်နီယာ ဦးစိုးတင့် ထံက သိရသည်။      အဆိုပါ  တမံရေပိုလွှဲမှ ရေကျော်ကျမှု ရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေ မရှိကြောင်းနှင့် တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ ယင်း တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်ပြီး တာဝန်ကျ ဝန်ထမ်းများက အလှည့်ကျ ရေကင်းများ စောင့်ကြပ်ကြည့်ရှု စစ်ဆေးပြီး တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေး စီမံချက်အရ နေ့စဉ် တမံအတွင်း မိုးရေဝင်ရောက်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေကို အချိန်နဲ့ တစ်ပြေးညီ အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။   ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ ဖူလုံစွာ အကျိုးပြုပေးလျက်ရှိသည်။ ယခုရက်ပိုင်း မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့သဖြင့် တမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာသည့် အတွက်  ရေအားလျှပ်စစ်စက်ရုံအား ၂၄ နာရီ စက်လည်ပတ်၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews