နိုဝင်ဘာ ၁၈
လက်ရှိစုဖွဲ့ထားတဲ့ လူအင်အားအခြေအနေအရ အသင်းရဲ့နေရာစုံမှာ လိုအပ်ချက်မရှိတော့ဘူးလို့ အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ် က မော်လ်တာအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီးတဲ့နောက်မှာ ပြောခဲ့တာဖြစ်ပါတယ်။
မော်လ်တာအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းမျိုးကို လက်ရှိနှစ်ထဲမှာ ပြသနိုင်ခဲ့ခြင်းမျိုးမရှိဘဲ နောက်ထပ်ကစားရမယ့်ပွဲတွေမှာ ပိုမိုကောင်းမွန်လာပြီး အခွင့်အရေးကောင်းတွေ ဖန်တီးလာနိုင်မှာဖြစ်တယ်ကာ အသင်းရဲ့နေရာစုံမှာ လိုအပ်ချက်တွေမရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့်တနင်္လာနေ့မှာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဆိုပါ ပွဲမှာ သရေကျရုံနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
#PAN