၂၀၂၃ ခုနှစ်အတွင်း နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၀ ဂိုးသွင်းယူခဲ့တဲ့ ရိုနယ်ဒို

နိုဝင်ဘာ ၁၇

       ပေါ်တူဂီအသင်း ကစားသမား ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်က ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်ချင်စတိန်းအသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်နှစ်အတွင်း နိုင်ငံအသင်း အတွက် သွင်းဂိုး ၁၀ ဂိုး အထိသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

       အသက် ၃၈ နှစ်အရွယ်ရှိနေပြီး ဖြစ်တဲ့ ရိုနယ်လ်ဒို ဟာ အခုလို တစ်နှစ်အတွင်း နိုင်ငံလက်ရွေးစင်အသင်း အတွက် သွင်းဂိုး ၁၀ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုမှုများစွာ ရရှိခဲ့ပါတယ်။ ရိုနယ်ဒို ဟာ ယခု ၂၀၂၃ ခုနှစ်အတွင်းမှာ အယ်လ်နာဆာအသင်းအတွက် သွင်းဂိုး ၃၆ ဂိုးအထိ သွင်းယူထားတာကြောင့် ကလပ်အသင်းနှင့် လက်ရွေးစင်အသင်းနှစ်ခုပေါင်း ၄၆ ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

#PAN