အမေရိကန်၏ အေဗရမ်တင့်များသည် စစ်မြေ ပြင် တွင် သိသိသာသာ ထူးခြားမှုမရှိဟု ဇာလန်းစကီးပြော

နိုဝင်ဘာ ၁၇

       အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ထောက်ပံ့ပေးထားသော နာမည်ကျော် အေဗရမ်ပင်မတိုက်ပွဲဝင် တင့်များသည် စစ်မြေပြင်တွင် သိသိသာသာ ထူးခြားမှုမရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြော သည်။ အမေရိကန်အနေဖြင့် ယူကရိန်းသို့ အေဗရမ်တင့် ၃၁ စီး ပေးပို့ထားရာ အောက်တိုဘာလလယ်ကတည်းက ရောက်ရှိပြီးဖြစ်သည်။ သို့သော် ထိုအရေအတွက်သည် အလွန်နည်းနေသေးကြောင်း ဇာလန်းစကီးက ဆက်လက် ပြောသည်။

       ရုရှားနှင့်ယူကရိန်းတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခတွင် အမေရိကန်က ယူကရိန်းဘက်မှ ကူ ညီပေးသည့် အနေဖြင့် စစ်ရေးအကူအညီများပေးလျက် ရှိသည်။ ယခုနှစ်ဇန်နဝါရီလတွင် အမေရိကန်အနေဖြင့် ယူကရိန်းသို့ တပ်ရင်းတစ်ရင်းအတွက် လုံလောက်သည့် အေဗရမ်တင့်များကို ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။ အေဗရမ်တင့်ကို ယူကရိန်းတွင် အသုံးပြုမှုက အလွန်ခက်ခဲပြီး အလွန်တန်ဖိုးကြီးစေမည် ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အစောပိုင်းက ပြောထားသည်။

       အဓိကအားဖြင့် သင့်လျော်သည့် ခဲယမ်းများအသုံးပြုမှု၊ ပျက်စီးသွားသောအစိတ်အပိုင်းများကို ပြင်ဆင်မှု၊ ယူကရိန်းစစ်သည်များအနေဖြင့် တင့်ကို အကောင်းဆုံးအသုံးချနိုင်မှုတို့တွင် ပြဿနာများရှိနေခြင်း ဖြစ်သည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN