မြောက်ကိုရီးယားက အမေရိကန်၏ မဟာဗျူဟာအသစ်ကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ဆို

နိုဝင်ဘာ ၁၇

       မြောက်ကိုရီးယားအစိုးရက အမေရိကန်၏ မဟာ ဗျူဟာအသစ်ကို ပြတ်ပြတ်သားသား တုံ့​ပြန်သွားမည် ဖြစ်ကြောင်း သတိပေးလိုက်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ပစ်မှတ်ထားသည့် ဟန့်တားရေးမဟာ ဗျူဟာအသစ်ကို ထုတ်ပြန်ပြီးနောက် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ တုံပြန်လာခြင်းဖြစ်ပြီး အမေရိကန်သည်သာလျှင် ကိုရီးယားကျွန်းဆွယ် ၌ နျူကလီးယားခြိမ်းခြောက်မှုကို ပိုမိုတင်းမာ မြင့်တက်စေခြင်း ဖြစ်သည်ဟု တန်ပြန်စွပ်စွဲထား သည်။

         မြောက်ကိုရီးယား တပ်မတော်ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ရုပ်သေးရုပ်နယ်မြေအတွင်း အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူများရဲ့ လုပ် ဆောင်ချက်က ကိုရီးယားကျွန်းဆွယ်အတွင်း အခြေအနေများ တင်း မာအောင် ဖန်တီးနေသည့် အဓိကလက်သည်မှာ အမေရိကန်နှင့် သူရဲ့နောက်လိုက်များဖြစ်သည်ကို ရှင်းရှင်း လင်းလင်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက နိုဝင်ဘာလ ၁၆ ရက်တွင် ဖော် ပြထားသည်။

       ထို့ပြင် မြောက်ကိုရီးယားသည် တိုက်စစ်အပြုအမူရှိပြီး စစ်ရေးအရ ပြတ်ပြတ်သားသား တုံ့ပြန်နိုင်စွမ်းများ ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကာ မြင်တွေ့နိုင်သော မဟာဗျူဟာမြောက် ဟန့်တားမှု စစ်ရေးလုပ် ဆောင်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

        အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြန် လည်သုံးသပ်ထားသည့် မြောက်ကိုရီးယားကို ဟန့်တားရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နျူကလီး ယားနှင့် သမားရိုးကျတပ်ဖွဲ့များကို အရှိန်အဟုန်မြှင့်တင်ရန် ကတိပြုထား သည်။ မြောက်ကိုရီးယားနိုင်ငံသည် နျူကလီး ယားလက်နက်အသုံးပြုမှုနှင့် ပတ် သက်သည့် သဘောတရားတစ်ခုကို ဥပဒေအဖြစ် ပြီးခဲ့သည့်နှစ်တွင် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေတွင် တစ် ဖက်ရန်သူက ၎င်းတို့၏ နိုင်ငံကို တိုက်ခိုက်လာနိုင် သည်ဟု ယုံကြည်ရသောအကြောင်းပြချက် ရှိပါက နျူကလီးယားလက်နက်ကို ပထမဆုံး စတင်အသုံးပြုရန်နှင့် ပစ်လွှတ်ပြီးပါကလည်း နောက်ပြန်လှည့် ဖျက် သိမ်းခြင်းမပြုရန် ဖော်ပြထားကြောင်း ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN