မြေငလျင်သတင်း

နိုဝင်ဘာလ (၁၇)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၀၇) မိနစ်၊ (၁၀) စက္ကန့်အချိန်တွင် ကျိုင်းတုံ မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက် မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၅၀) ဒီဂရီ၊ အနက် (၂၅) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။